free hospital

 

ဆရာဝန်တွေ CDM လုပ်နေလို့ အစိုးရဆေးရုံတွေမှာ လူနာတွေ အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကြားနေရတာတွေ ရှိပါတယ်။
ခုချိန်မှာ ပြည်သူတွေကို တောင်းဆိုချင်တာက ခုဖြစ်နေတဲ့ အခြေအနေတွေကို သိရက်နဲ့ အစိုးရဆေးရုံတွေကို စွန့်စားပြီး မသွားကြပါနဲ့။
CDM လုပ်နေတဲ့ ဆရာဝန်တွေကလည်း လူနာတွေကို ပစ်မထားပါဘူး။ ဒီဆရာဝန်တွေကိုယ်တိုင် အပြင်မှာ အခမဲ့ ဆေးခန်းတွေ ဖွင့်ထားတာတွေ ရှိလို့ အဲ့ဒီဆေးခန်တွေဆီကိုပဲ သွားကြပါ။
တတ်နိုင်မယ်ဆိုရင်တော့ CDM လုပ်နေတဲ့ ဆရာဝန်တွေကို ကူညီသောအားဖြင့် အပြင်ဆေးရုံ ဆေးခန်းတွေ သွားပေးပြီး ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါနော်။
ခုအချိန်မှာ လူ့အသက်ကယ်ပေးနေတဲ့ဆရာဝန်တွေက တိုင်းပြည် ရဲ့ အနာဂတ်ကို ကယ်ဖို့ ကြိုးစားနေကြတာမလို့ သူတို့ကို အထင်မမှားကြစေချင်ပါဘူး။ Covid ကာလကတည်းက အိမ်တောင် မပြန်ရဘဲ လူနာတွေကိုသာ ဦးစားပေးပြီး တနှစ်ကျော် အနစ်နာခံလာကြတဲ့သူတွေပါ။ ခုလည်း တိုင်းပြည်ကို ကယ်တင်ဖို့အရေး ရှေ့တန်းက ဦးဆောင်ပေးနေကြပြန်ပါပြီ။
ဒီလို လေးစားရတဲ့ ပြည်သူ့ဝန်ထမ်း သူရဲကောင်းတွေရဲ့ ရည်ရွယ်ချက်ကို သိရှိနားလည်ပြီး CDM လုပ်နေကြသူတွေကို ကာကွယ်ကူညီပေးကြပါ။
CDM မလုပ်ရသေးတဲ့သူတွေကိုလည်း CDM မှာ ပါဝင်ပေးကြဖို့ ထပ်ပြီး တိုက်တွန်း နှိုးဆော် တောင်းဆိုလိုက်ရပါတယ်။
အခမဲ့ဆေးခန်းတွေကို ဒီ Link တွေနေ ကြည့်လို့ရပါတယ်။
အခမဲ့ ဆေးခန်းများ (၁)။ https://www.facebook.com/105026874797579/posts/142400094393590/?d=n
အခမဲ့ ဆေးခန်းများ (၂)။ https://www.facebook.com/CDMdoctors/posts/348508896338869
အခမဲ့ ဆေးခန်းများ (၃)။ https://www.facebook.com/629184684393490/posts/770687090243248/?d=n
Credit
Copy ကူးယူပြီး မိမိ Wall မှာ ပြန်တင်ပေးပါ။

Comments :

Post a Comment