Change ====== လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် ၇၀ အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့ အသက် ၄၀ မှာ ခက်ခဲတဲ့ ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ် ချက်တခုကို ချကြရပါတယ်။ သူ့အသက် ၄၀ ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ် နှုတ်သီးတွေကလည်း ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလည်း အရမ်းလေးလာပါတယ် အမွှေးတွေကလည်း အရမ်းထူလာတဲ့အတွက် ပျံရတာလည်း အရမ်းပင်ပန်းလှပါတယ်။ သူ့မှာရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး အသက်ဆက်ရှင်မလား။ မစွန့်စားပဲသေရတာထက်စာရင် စွန့်စားပြီးသေရတာက ပိုမြတ်ပါလိမ့်မယ်။ ဒါကြောင့် အလွန်မြင့်တဲ့တောင်တခုဆီ ပျံသန်းသွားပြီး အသိုက်တခုတည်ဆောက်လိုက်ပါတယ် ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိ ရက်ပေါင်း ၁၅၀ သို့ နှစ်ဝက်နီးပါးကြာပါတယ်။ ဒီတော့ သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက် ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့ နှုတ်...
Posts
သွေးကြောကျဉ်းမြောင်း ပိတ်ဆို့မှုကို သက်သာစေတဲ့ အစားအစာ အမျိုး ၂၀ ♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥ Saved. ..ထားကြပါ။ သွေးကြောတွေဟာ အချိန်ကြာလာတာနဲ့ အမျှ တင်းမာလာပြီး ကျဉ်းမြောင်းပိတ်ဆို့ဖို့ လွယ်လာပါတယ်။ ဒီလို မဖြစ်အောင် သွေးကြောကျန်းမာရေးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်သင့်ပါတယ်။ တချို့ အစားအစာတွေက သွေးကြောကျဉ်းမြောင်းပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပြီး ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေကို ပြန်လည်သက်သာ ကောင်းမွန်လာစေနိုင်ပါတယ်။ ၁။ ကွေကာအုပ် ::::::::::::::::::::::::: ကွေကာအုပ်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေက သွေးကြောကျဉ်းမြောင်းစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ ၂။ ပဲအမျိုးမျိုး ::::::::::::::::::::::::::: အမျှင်ဓာတ်များစွာ ပါဝင်တဲ့ ပဲတွေဟာ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး သွေးဖိအားကို လျှော့ချပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ ၃။ ပဲနီလေး :::::::::::::::::: ပဲအမျိုးအစားဝင်ဖြစ်တဲ့အတွက် ပဲတွေလို ကောင်းကျိုးရတဲ့အပြင် အသားဓာတ်လ...