သွေးကြောကျဉ်းမြောင်း ပိတ်ဆို့မှုကို သက်သာစေတဲ့ အစားအစာ အမျိုး ၂၀

သွေးကြောကျဉ်းမြောင်း ပိတ်ဆို့မှုကို သက်သာစေတဲ့ အစားအစာ အမျိုး ၂၀
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
Saved. ..ထားကြပါ။
သွေးကြောတွေဟာ အချိန်ကြာလာတာနဲ့ အမျှ တင်းမာလာပြီး ကျဉ်းမြောင်းပိတ်ဆို့ဖို့ လွယ်လာပါတယ်။ ဒီလို မဖြစ်အောင် သွေးကြောကျန်းမာရေးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်သင့်ပါတယ်။ တချို့ အစားအစာတွေက သွေးကြောကျဉ်းမြောင်းပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပြီး ကျဉ်းမြောင်းနေတဲ့ သွေးကြောတွေကို ပြန်လည်သက်သာ ကောင်းမွန်လာစေနိုင်ပါတယ်။
၁။ ကွေကာအုပ်
:::::::::::::::::::::::::
 ကွေကာအုပ်မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒီအမျှင်ဓာတ်တွေက သွေးကြောကျဉ်းမြောင်းစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။
၂။ ပဲအမျိုးမျိုး
:::::::::::::::::::::::::::
 အမျှင်ဓာတ်များစွာ ပါဝင်တဲ့ ပဲတွေဟာ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို တိုးတက်စေပြီး သွေးဖိအားကို လျှော့ချပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တဲ့အတွက် နှလုံးရောဂါကို ဖြစ်စေနိုင်တဲ့ ရောင်ရမ်းခြင်းတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။
၃။ ပဲနီလေး
::::::::::::::::::
 ပဲအမျိုးအစားဝင်ဖြစ်တဲ့အတွက် ပဲတွေလို ကောင်းကျိုးရတဲ့အပြင် အသားဓာတ်လည်း များစွာပါဝင်ပါတယ်။ သွေးဖိအား များတာကြောင့်ဖြစ်တဲ့ သွေးကြောပျက်ဆီးမှုကိုလည်း ပြန်လည် ကောင်းမွန်စေနိုင်ပါတယ်။ ပဲနီလေးမှာ အသားနဲ့အမျှင်ဓာတ် များတဲ့အပြင် သွေးဖိအားကို လျော့ကျစေနိုင်တဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။
၄။ ငါး အမျိုးမျိုး
::::::::::::::::::::::::::::
 ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် က ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတာကို သိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အိုမီဂါ ၃ ဖက်တီးအက်စစ် က ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပြီး သွေးကြောအတွင်းမှာ သွေးခဲဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။
၅။ ထောပတ်သီး
:::::::::::::::::::::::::
 ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့နည်းစေနိုင်ပြီး ကောင်းတဲ့ HDL ကိုလက်စထရောကို များပြားစေတဲ့အတွက် နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
၆။ Pistachios - စိမ်းဝါရောင်ရှိတဲ့ အခွံမာစေ့တစ်မျိုး
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
 အခွံမာသီးမှာ ပါဝင်တဲ့ အဆီတွေဟာ နှလုံး ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ Pistachios မှာ ဒီအချက်တွေအပြင် စတီရော လို့ခေါ်တဲ့ ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် အူလမ်းကြောင်းကနေ ကိုလက်စထရော စုပ်ယူမှုကို လျှော့ချပေးပါတယ်။
၇။ နနွင်း
::::::::::::::::::
 နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် သွေးကြောမှာ အဆီစုလာခြင်းကို တားဆီးပေးပြီး သွေးကြောကျဉ်းတာကို လျှော့ချပေးနိုင်ပါတယ်။
၈။ ပန်းဂေါ်ဖိစိမ်း
::::::::::::::::::::::::::
 လေ့လာစမ်းသပ်ချက်တွေ အရတော့ ပန်းဂေါ်ဖိစိမ်းမှာ ပါဝင်တဲ့ Sulforaphane- ဆာဖိုရာဖိန်း ဆိုတဲ့ ဓာတ်တစ်မျိုးက ပရိုတင်းဓာတ်တစ်မျိုးကို ထုတ်ဖို့အားပေးပြီး သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းမှာ ဓာတ်တိုးဆန့်ကျင် သတ္တိလည်း ရှိပါတယ်။
၉။ ကညွတ်
:::::::::::::::::::::
ကညွတ်မှာပါဝင်တဲ့ Quercetin- ကွာစီတင် ဆိုတဲ့ဓာတ်တစ်မျိုးက သွေးကြောပိတ်ဆို့မှုကို ကာကွယ်ပေးနိုင်ပါတယ်။
၁၀။ ဖရဲသီး
:::::::::::::::::::
 ဖရဲသီးမှာ Citrulline - စစ်ရူလိုင်း ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ Citrulline - စစ်ရူလိုင်း ဆိုတာ Nitric Oxide- နိုက်စရစ်အက်စစ် ဆိုတဲ့ ဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပြီး သွေးကြောတွေ မာကျောတောင့်တင်းလာတာကို ကာကွယ်ပေးပါတယ်။
၁၁။ ဂျုံကြမ်း- Whole Grain
::::::::::::::::::::::::::::::::::::::::::
 ဂျုံကြမ်းနဲ့ လုပ်တဲ့ ခေါက်ဆွဲ၊ ပေါင်မုန့် စတာတွေက နုလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ အမျှင်ဓာတ်က သွေးတွင်းက မကောင်းတဲ့အဆီတွေ စွန့်ထုတ်တာကို ကူညီပေးပြီး အူတွင်းမှ ကောင်းတဲ့ပိုးမွှားတွေကို ထိန်းသိမ်းပေးပါတယ်။
၁၂။ DHA ပါဝင်တဲ့ နို့  
::::::::::::::::::::::::::::::::::::
 အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေ မာကြောလာပါတယ်။ ဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် DHA ဆိုတဲ့ ဓာတ်တစ်မျိုး လိုအပ်ပါတယ်။ DHA ဟာ အများအားဖြင့် ပင်လယ်စာတွေမှာ ပါဝင်ပါတယ်။ ငါးမစားတဲ့သူတွေအတွက်တော့ DHA ထည့်ထားတဲ့ နို့ကို သောက်သုံးပေးသင့်ပါတယ်။
၁၃။ အာလူး
::::::::::::::::::
 အာလူးမှာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့အတွက် သွေးဖိအားကို ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များစွာလည်း ပါဝင်ပါသေးတယ်။
၁၄။ ချောကလက်
:::::::::::::::::::::::::::::
 ကိုကိုးစေ့မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ချောကလက်ထဲမှာဆို ကိုကိုးဓာတ်ပမာဏ ၂၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ ချောကလက်အမည်း (Dark Chocolate) ကို ရွေးသင့်ပါတယ်။
၁၅။ ကော်ဖီ
:::::::::::::::::
 ကော်ဖီစေ့ကလည်း တခြားအစေ့အစံတွေလိုပဲ ဓာတ်တိုးဆန့်ကျင်သတ္တိ ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
၁၆။ ဝိုင်
:::::::::::::
 ဝိုင်နီမှာ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ Resveratrol ဆိုတဲ့ ဓာတ်ပါဝင်ပါတယ်။ ရောင်ရမ်းမှုကိုလည်း လျှော့စေနိုင်ပါတယ်။ ဝိုင်နီကို အသင့်အတင့် သောက်သုံးပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
၁၇။ ကြက် ဥ
:::::::::::::::::::::::
 ကြက်ဥထဲမှာပါတဲ့ အဆီက ခန္ဓာကိုယ်အတွက်ကောင်းတဲ့ HDL ကိုလက်စထရောကို များစေပါတယ်။ ကြက်ဥကို နေ့စဉ်စားပေးတာကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ၁၁ ရာခိုင်နှုန်းထိ လျှော့ပေးနိုင်ပါတယ်။
၁၇။ ဘယ်ရီသီးများ
:::::::::::::::::::::::::::::::
 ဘယ်ရီ အမျိုးအစားဝင် အသီးတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် Anthocyanins - အန်သိုဆိုင်းယမ်နင်း ဆိုတဲ့ဓာတ်တစ်မျိုး ပါဝင်တဲ့အတွက် သွေးကြောတွေကို ကျယ်စေပါတယ်။
၁၉။ လက်ဖက်စိမ်း
::::::::::::::::::::::::::::
လက်ဖက်စိမ်းမှာ ပါတဲ့ EGCG ဆိုတဲ့ ဓာတ်တစ်မျိုးက သွေးကြောတွေမှာ စုပုံတဲ့ အဆီတွေ ကို သေးငယ်သွားစေနိုင်ပြီး ခန္ဓာကိုယ်အတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။
၂၀။ အချဉ်ဖောက်ထားတဲ့ အစားအစာ
::::::::::::::::::::::::::::::::::::::::::::::::::::::::
 Probiotics တွေမှာ အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပိုးတွေကို အထောက်အပံ့ ပေးနိုင်တဲ့အတွက် နောက်ပိုင်းမှာ လူသုံးများလာပါတယ်။ Probiotics တွေလိုပဲ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ ဖြစ်တဲ့ ဒိန်ချဉ် ကင်ချီ စတာတွေကလည်း အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နောက်ပိုင်း လေ့လာမှုတွေမှာဆိုရင် အချဉ်ဖောက်ထားတဲ့ အစားအစာတွေက သွေးဖိအားကို ကျစေနိုင်ပြီး မကောင်းတဲ့ အဆီတွေကို ကျစေနိုင်တာကိုပါ တွေ့ရပါတယ်။
#Credit
Din Din'''
B.A(Hist)Dip.T.Med
တိုင်းရင်းဆေးပညာဒီပလိုမာ
တဆ.၁၉၁၆

Comments :

Post a Comment